Thursday, September 4, 2014

သူငယ်​ချင်းများသို့.....

Birthday wish
ပို့​ပေးကြ​သော...
ဦးဦး" Zaw Zaw "
ကိုကို" Aung Moe Thu "
ကိုကို" Aung Htoo Sun "
မမ " Sanpapa Ooaungaung "
မမ" စမ်း ထိပ်​ ထား ဦး "
ကိုကို" Wai Myo Aung "
ကိုကို" Wai Gyi "
မမ" ဆုမွန်​​ကျော်​ "
မမ" Tha Mi Lay "
မမ" မိုးချစ်​သူ "
ညီမ "Pann Lay " နှ​င့်​ "Flower Love"
"နာ့ဘာနာချကားများတာ နိအပူပါလား​တေနာ​ယေးနာ.."
နှင့်​ သူငယ်​ချင်းအားလုံးကို ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်း
ပြောကြားရင်း........
တစ်​​ယောက်​ကိုတစ်​​ယောက်
ပခုံးဖက်​မ​ပေါင်းခဲ့ကြ​ပေမယ့်​..
တစ်​​ယောက်​အ​ကြောင်း
တစ်​​ယောက်​ မသိကြ​ပေမယ့်​..
တစ်​​ယောက်​ကိုတစ်​​ယောက်
စစ်​မှန်​တဲ့​မေတ္တာနဲ့နားလည်​မှု​တွေ
ထားရှိကြကာ တစ်​ဦး​ပေါ်တစ်​ဦးထားရှိတဲ့
စစ်​မှန်​တဲ့​မေတ္တာ ၊ ​လေးစားမှု ၊ တန်​ဖိုးထားမှု​တွေ
အတူထားရှိကြကာ အဆိုး​တွေဘယ်​လာက်​ကြုံရကြုံရ
အ​ကောင်းကိုမျှ​ဝေ​တွေး​ပေးရင်း ဘဝခရီး​တွေအတူ
လှမ်း​လျှောက်​ကြမယ်​သူငယ်​ချင်း...................
အခုချိန်​အထိ.
ငြိမ်းချမ်း​နေတယ်​ ၊ ​ပျော်​ရွှင်​​နေတယ်​ ၊
ကြည်​လင်​ရွှင်​လန်း​နေတယ်​ ၊ ကိုယ်​လုပ်​ချင်​တဲ့
အလုပ်​ကို လုပ်​​နေရတယ်​ဆိုရင်​..
သူငယ်​ချင်းတို့...ငါတို့​တွေရဲ့ဘဝ​တွေဟာ
အောင်​မြင်​​နေတဲ့သူ​တွေပါ
                               သူငယ်​ချင်း........................

Wednesday, September 3, 2014

သတိ​ပေးချက်

အဟမ်း..အဟမ်း..
ဒီ​က​နေ့က အရူး​တွေလိုက်
ဖမ်းတဲ့​နေ့ပါ  ရူး​ကြောင်​​ကြောင်
ပေါ​တော​တော status ​ရေးတဲ့သူ​တွေကို
ရွာသာကြီးပို့ရမယ့်​​နေ့ပါ.........

သတိ​ပေးချက်

ရာသီဥတ
အအကူးအ​ပြောင်း​ကြောင့်
ကျန်းမာ​ရေးကိုဂရုစိုက်​​စေချင်​ပါတယ်
လိုချင်​တာ အကုန်​လုံး​တော့ ရမှာမဟုတ်​ဘူး
လိုအပ်​တာရနိုင်​​အောင်​​တော့ အတတ်​နိုင်​ဆုံး
ကြိုးစားထားပါ  သ​ဘော​ပေါက်​တာနဲ့

  1. သ​ဘောတူတာကို ခွဲခြားသိပါ..

Monday, September 1, 2014

အချစ်​ အချစ်​ အချစ်

 အချစ်​တို့ရဲ့လမ်း
ဖြောင့်​တန်းဖို့ခက်​တယ်​..

အလွမ်း​တွေနဲ့သာ
တမံဖို့ဆိုရင်​ သူ့ကို
ခိုးလွမ်းရတာနဲ့ ဆည်​ကျိုးမယ်​ထင်​တယ်​..

မင်းက အမှိုက်​ဆိုရင်
ငါကစည်​ပင်​ပါ
(မင်းအ​နောက်​တ​ကောက်​​ကောက်
 လိုက်​ပြီး)

မင်းက အမှု
ငါက ရဲ (ကူညီပါရ​စေ လို့​ပြောချင်​​ပေမယ့်​)

နှစ်​​ယောက်​​ပေါင်းမှ
တစ်​ဘဝလို အီကြာ​ကွေးဖြစ်ခဲ့ရင်​လည်း
လက္ဘ်​ရည်​ခွက်​ထဲခုန်​ဆင်းရဲပါတယ်

ငါက​မြေဖြူဖြစ်​ခဲ့ရင်​​တောင်
ကျောက်​သင်​ပုန်း ဆိုတဲ့ မင်းနဲ့
ခြစ်​မိလို့ပွန်းပဲ့တာ နည်းနည်းမှစိတ်​မနာပါဘူး
ဒါ​ပေမယ့်​...
Duster ကို​တော့
အရမ်းမုန်းတယ်​....

Sunday, August 31, 2014

အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

သော့ခတ်ထားထဲ့
သံမဏိတခါးကို
လာခေါက်တယ်
သွယ်လျတဲ့လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွှေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း ....
ဒီကလဲသိလိုက်ပါရဲ့ ...
... သွေးတွေကိုခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို...အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့ လာစေတဲ့သူဟာ
မင့်းရယ် ...အမုန်းရယ်ပဲ ရှိတယ်...
ခု အမုန်းဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကိုလာခေါက်သူဟာ...
မင်းပဲဖြစ်မယ်ဆိုတာ..
ဒီကလဲသိလိုက်ပါရဲ့ 
အချစ်လားဟေ့ ၀င်ခဲ့လေကွယ်