Sunday, August 31, 2014

အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

သော့ခတ်ထားထဲ့
သံမဏိတခါးကို
လာခေါက်တယ်
သွယ်လျတဲ့လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွှေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း ....
ဒီကလဲသိလိုက်ပါရဲ့ ...
... သွေးတွေကိုခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို...အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့ လာစေတဲ့သူဟာ
မင့်းရယ် ...အမုန်းရယ်ပဲ ရှိတယ်...
ခု အမုန်းဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကိုလာခေါက်သူဟာ...
မင်းပဲဖြစ်မယ်ဆိုတာ..
ဒီကလဲသိလိုက်ပါရဲ့ 
အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

No comments:

Post a Comment