Monday, September 1, 2014

အချစ်​ အချစ်​ အချစ်

 အချစ်​တို့ရဲ့လမ်း
ဖြောင့်​တန်းဖို့ခက်​တယ်​..

အလွမ်း​တွေနဲ့သာ
တမံဖို့ဆိုရင်​ သူ့ကို
ခိုးလွမ်းရတာနဲ့ ဆည်​ကျိုးမယ်​ထင်​တယ်​..

မင်းက အမှိုက်​ဆိုရင်
ငါကစည်​ပင်​ပါ
(မင်းအ​နောက်​တ​ကောက်​​ကောက်
 လိုက်​ပြီး)

မင်းက အမှု
ငါက ရဲ (ကူညီပါရ​စေ လို့​ပြောချင်​​ပေမယ့်​)

နှစ်​​ယောက်​​ပေါင်းမှ
တစ်​ဘဝလို အီကြာ​ကွေးဖြစ်ခဲ့ရင်​လည်း
လက္ဘ်​ရည်​ခွက်​ထဲခုန်​ဆင်းရဲပါတယ်

ငါက​မြေဖြူဖြစ်​ခဲ့ရင်​​တောင်
ကျောက်​သင်​ပုန်း ဆိုတဲ့ မင်းနဲ့
ခြစ်​မိလို့ပွန်းပဲ့တာ နည်းနည်းမှစိတ်​မနာပါဘူး
ဒါ​ပေမယ့်​...
Duster ကို​တော့
အရမ်းမုန်းတယ်​....

No comments:

Post a Comment